ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ​၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလှုပ်ရှားမှု မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများကျင်းပ

ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၁၆၈)ရပ်ကွက်၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ အားကစားလှုပ်ရှားမှု မြို့နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲများအား ဒီဇင်ဘာ ၁၃ ရက်နံနက် ၇ နာရီက ကျင်းပခဲ့သည်။

မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများဖြစ်သော မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ (ကျား၊မ) အလျားခုန်(ကျား၊ မ)၊ သံလုံးပစ် (ကျား၊ မ)သံပြားပစ်(ကျား၊ မ) လှံတံပစ်(ကျား၊မ) ဂုန်နီအိတ်စွတ်(ကျား၊ မ)ပြိုင်ပွဲများကျင်းပရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊‌ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 ဖြိုးစန္ဒာ(ပြန်/ဆက်)