သီတင်းကျွတ်လပြည့်နေ့တွင် ပျော်ဘွယ်မြို့မင်းရာမဘုရား၌ ဆီမီး (၃၀၀၀) ပူဇော်ကျင်းပခြင်းနှင့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ
ပျော်ဘွယ်မြို့နယ်တွင် အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့၌ မင်းရာမဘုရားတွင် ဘုရားဂေါပကအဖွဲ့၏ဦးဆောင်မှုဖြင့် အောက်တိုဘာလ(၆)ရက်၊ ည(၆)နာရီခွဲကဘုရားအား ပန်း၊ ရေချမ်းကပ်လှူခြင်း၊ ဆီမီး(၃၀၀၀)ထွန်းညှိပူဇော်လျက်ရှိသလို ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။