ငဖဲမြို့နယ်၌ အခြေခံပညာမူလတန်းဆင့်နှင့်အလယ်တန်းဆင့် သင်ကြားသင်ယူမှုထိရောက်ရေး စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏လမ်းညွှန်မှုဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ထမ်းများအား သင်ကြားသင်ယူမှု စွမ်းရည်တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အလယ်တန်းအဆင့် (Grade-9) သင် ဆရာ/ဆရာမများအား ဘာသာရပ်အလိုက်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ကျင်းပပြုလုပ်သည်။