တိုက်ကြီးမြို့နယ်၌ မဲရုံများသို့ ဖြန့်ခွဲမည့် မဲပေးစက်များကို Installation တပ်ဆင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက် မဲရုံများသို့ဖြန့်ခွဲမည့် မဲပေးစက်များ Installation တပ်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အိုးတန်းရပ်ကွက်ရှိ ရွှေဂျိုးဖြူခန်းမ၌ ဆောင်ရွက်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဗောဓိရိပ်ငြိမ်တောရကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ စီစဉ်ပေးမှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပြည်သူများအား စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း(အခမဲ့)ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူ များနှင့်အတူ ဗောဓိရိပ်ငြိမ်တောရကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပြည်သူများအား စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း(အခမဲ့)ခွဲစိပ် ကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဓနုဖြူမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် အသိပညာပေးဖြန့်ဝေခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၏၂၀၂၅ခုနှစ် ဒီဇင်ဘာလ ဒုတိယအပါတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပါတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အလုံခရိုင်၊ အလုံမြို့နယ်၌ ဟားခါးပညာရေးဒီဂရီကောလိပ်၌ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့‌ငွေများ‌ ပေးအပ်သည့်အခမ်းအနား ကျင်းပ

အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ ဟားခါးပညာရေးဒီဂရီကောလိပ်ရှိ သီရိရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့‌ငွေများ ပေးအပ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ကယားပြည်နယ် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်သူများ ကျန်းမာကြံ့ခိုင်သော နေ့စဉ်လူမှုဘဝ များကို ပိုင်ဆိုင်နိုင်ရန် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်တွင် စုရပ်ပြုလုပ် ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ဆင်နွှဲကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှ စစ်တွေမြို့၊ ဓညဝတီအားကစား ကွင်းအထိ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပသည်။

ပြည်မြို့နယ်၏ ရပ်ကွက်/ကျေးရွာအုပ်စု ၆၉ အုပ်စုရှိ မဲရုံ ၁၃၃ ရုံ ပြုလုပ်မည့်နေရာများသို့ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့်မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများနှင့် ပြည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများအဖွဲ့က ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြည်မြို့နယ်၏ ရပ်ကွက်/ကျေးရွာအုပ်စု ၆၉ အုပ်စုရှိ မဲရုံ ၁၃၃ ရုံ ပြုလုပ်မည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်၍ မြို့မအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ(ဒုတိယပတ်)သို့ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ( ဒုတိယပတ် )ကို ယနေ့နံနက် ၅ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Subscribe to