အလုံမြို့နယ်တွင် စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၅)နာရီအချိန်က နှင်းဆီလမ်းထိပ်တွင် စုရပ်ပြုလုပ်ပြီး ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပခဲ့သည်။