သန်လျင်မြို့နယ်၌ တောင်သူများသို့ မျိုးစေ့ချကိရိယာများ၊ သွင်းအားစု ဓာတ်မြေဩဇာထောက်ပံ့၊ နွေစပါး စိုက်လက်တွေ့သရုပ်ပြသ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တောင်သူများသို့ မျိုးစေ့ချကိရိယာ(Drum Seeder)များ၊ သွင်းအားစုဓာတ်မြေဩဇာထောက်ပံ့ခြင်းနှင့် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့နယ် ဘယက်ကျေးရွာ တောင်သူဦးကျော်ဝင်းနိုင်၏ ဧက( ၁၀၀)လယ်မြေ၌ ကျင်းပသည်။