စမ်းချောင်းမြို့နယ်တွင် အသက်၉ နှစ်မှ ၁၈ နှစ်သီလရှင် ဆရာလေးများအား HPV သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံ

စမ်းချောင်း  ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊  စမ်းချောင်းမြို့နယ်တွင် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ (၁)နာရီက  ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ သုခိတာရာမ မြန်အောင်သီလရှင် စာသင်တိုက်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်၊ သုခိတာရာမ မြန်အောင်သီလရှင် စာသင်တိုက်၌အသက် ၉နှစ်မှ ၁၈နှစ် သီလရှင်ဆရာလေး များအားလုံးအား HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါသားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘ၀င်းနှင့်အဖွဲ့၀င်များ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သွယ်ထွန်း (ပြန်/ဆက်)