မူဆယ်မြို့တွင် ASIAN THEOLOGICAL BIBLE SEMINARY မြန်မာပြည်၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

မူဆယ် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ASIAN THEOLOGICAL BIBLE SEMINARY မြန်မာပြည်၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်က  မူဆယ်မြို့၊ FGA အသင်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ သဘာပတိမှ ကျမ်းစာဖတ်၊ ဆုတောင်းပြီး ဓမ္မသီချင်းများဖြင့်သီဆိုခဲ့ကြပြီး ဘွဲ့အပ်နှင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပရာ BIBLE GRATUATES ဘွဲ့ရသူ(၃)ဦး၊ Doctor in Social Work ဘွဲ့ရရှိသူ(၆)ဦးနှင့် Ph.D in Social Work ဘွဲ့ရရှိသူ(၆)ဦး၊ စုစုပေါင်း (၁၅)ဦးတို့အား ဦးဆောင်းနှင့် ဘွဲ့လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဘွဲ့ရရှိကြသူများကိုယ်စား ဦးအောင်ဇော်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အသင်းတော်မှ ဝတ်ပြုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)