ကွမ်းခြံကုန်းမြို့နယ်၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် မဟာတိလောကမှန်ကူသွန်းဘုရာကြီး၌ ဆီမီးစုပေါင်းထွန်းညှိပူဇော်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မဟာတိလောကမှန်ကူသွန်းဘုရားကြီးအတွင်း၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)ဆီမီးစုပေါင်းထွန်းညှိပူဇော်ပွဲကို ယမန်နေ့ညနေ့ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်)နေ့ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံလွှတ်တင်ပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်) နေ့၌ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်၍ ဘုရားဖူးမိဘပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ် အောင်တော်မူစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်ည ဘုရားဖူးပြည်သူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ အောင်တော်မူစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းမှစတင်၍ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ကျိုင်းတုံမြို့နယ်ရှိ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ ဘုရားကျောင်းကန်၊ စေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိသည်။

သီတင်းကျွတ်လပြည့်နေ့၌ သမိုင်းဝင်ဒီပါရုံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လ ဆီမီးတစ်ထောင်ပူဇော်ပွဲ ပါဝင်ဆင်နွှဲသူများနှင့် ဘုရားဖူးလာသူများဖြင့် စည်ကားသိုက်မြိုက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် သမိုင်းဝင်ဒီပါရုံစေတီတော်မြတ်ကြီးတွင် ယနေ့သီတင်းကျွတ် လပြည့်နေ့ညတွင် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲ ပါဝင်ဆင်နွှဲသူများနှင့် ဘုရားဖူးလာသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများဖြင့်စည်းကားလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင်စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော် မြတ်ကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

သထုံမြို့ရှိ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်းသိရသည်။

သီတင်းကျွတ်လပြည့်နေ့ ညတွင် တောင်ကြီးမြို့ရှိ ဘုရား၊စေတီပုထိုးများတွင် ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိ

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)ဖြစ်သည့်အားလျော်စွာ  တောင်ကြီးမြို့ရှိဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဘားအံမြို့၌ သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ်မီးပုံးပျံကြီး အလုံး(၃၀)လွှတ်တင်ပူဇော်

မြန်မာတို့၏(၁၂)လရာသီများအနက် သီတင်းကျွတ်အခါသမယသည် ဘာသာတရားများထုံမွှမ်းသော ထူးမြတ်သောကာလဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) နံနက်ပိုင်းက ဘားအံမြို့ တောင်ကလေးကျေးရွာ လေယာဉ်ကွင်းဟောင်းနေရာ၌ ကျင်းပရာ ဒေသခံပြည်သူများအေးချမ်းပျော်ရွှင်စွာပါတင်ဆင်နွှဲခဲ့ကြသည်။

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ မြစ်ကြီးနားမြို့ရှိ စေတီပုထိုး၊ ဘုရားကျောင်းကန်များတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် လောကမာန်အောင်ဆုတောင်းပြည့် စေတီတော်၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Subscribe to