တောင်ဥက္ကလာပမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

တောင်ဥက္ကလာပ  ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနှင့်စက်တင်ဘာလ(၃)လစာအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၁၄) ရပ်ကွက်ရှိ  သုံးထပ်ဆောင် သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးက  ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များက တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၁၃)ရပ်ကွက်မှ ယာယီနေရပ်စွန့်ခွာပြည်သူနှင့် ဝန်ထမ်းစုစုပေါင်း (၁၄၅၅) ဦးအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလ (၃) လစာအတွက် တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းနှုန်းဖြင့်  လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)