သီတင်းကျွတ်ရုံးပိတ်ရက်များတွင် သမိုင်းဝင်ဆံတော်ရှင် ဒေးစွန်ပါစေတီတော်မြတ်၌ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ မိုးယွန်းကြီးအင်း ဘေးမဲ့တောနှင့် ဝင်္ဂဘော်ဆင်စခန်း အပန်းဖြေနေရာများတွင် ပြည်သူများဖြင့် စည်ကား
၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်၊ ယမန်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအုပ်စုရှိ ဆုတောင်းပြည့်သမိုင်းဝင်ဆံတော်ရှင် ဒေးစွန်ပါစေတီတော်မြတ်ကြီးတွင် ဘုရားဖူးအများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိပြီး မိုးယွန်းကြီးအင်းဘေးမဲ့တောနှင့် ဝင်္ဂဘော်ဆင်စခန်း အပန်းဖြေနေရာများ၌လည်း ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။