ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ ၆ လနှင့်အထက် ရှိသူများအား  ထပ်‌ဆောင်းကာကွယ်‌ဆေးအဖြစ်ထိုးနှံခြင်းကို  ယနေ့နံနက်ပိုင်းက  ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုး‌နှံ‌ပေးခဲ့သည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ် အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၁) နာရီက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ (၂၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရာများ မြို့တွင်းသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်သူ၊ မြို့နယ်သားများ ဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးစေရေး ရည်ရွယ်၍ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဒေသစာရီလှည့်လည် အပူဇော်ခံပွဲကို ယမန်နေ့ ညနေ (၆)နာရီက စတင်၍ လှည့်လည် အပူဇော်ခံလျက်ရှိသည်။

ငါ့သရောက်မြို့တွင် တစ်နိုင်တစ်ပိုင် တိုင်ထောင်ပဲစိုက်ပျိုးရောင်းချရသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့၊ အမှတ်(၂) ပျဥ်းပင်ရက်ကွက်တွင် မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် မိုးရေကိုအမှီပြုပြီး တစ်နိုင်တစ်ပိုင် တိုင်ထောင်ပဲစိုက်ပျိုးရောင်းချရသူများ အောင်မြင်ဖြစ်ထွန်းပြီး မိသာစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်းသိရသည်။

ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိစေရေး ပညာပေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့အဝင်၊ အထွက် ကြိုဆိုပါ၏လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ပင်လောင်း၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ လာရောက်ဖတ်ရှု့ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ဝါသနာရှင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ ကျောင်းသူများအား စာအုပ်စာစောင် ဖတ်ရှုလေ့လာမှု ပိုမိုအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို စာဖတ်ဝါသနာရှင်များထံ သွား​ရောက် ငှားရမ်းပေးလျက်ရှိသည်။

ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေဖြင့် ကျေးရွာတွင်းမြေသားအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ စက်တင်ဘာ ၂၅ ရက်နေ့က ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ကာမိုင်းမြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသော မြို့လုံးကျွတ်ဆွမ်းဆန်တော် လောင်းလှူပွဲနှင့် အင်းတော်ချောင်းတွင် ဆီမီး (၁၀၀၀) မီးမျှောပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသော မြို့လုံးကျွတ် ဆွမ်းဆန်တော် လောင်းလှူပွဲနှင့် အင်းတော်ချောင်းတွင် ဆီမီး (၁၀၀၀)မီးမျှောပူဇော်ပွဲကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ပင်းတယမြို့တွင် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ည ဆီမီးထွန်းညှိပူဇော်ခြင်းနှင့်မီးပုံးပျံများ လွှင့်တင်၍ သီတင်းကျွတ်ပွဲတော်ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း ယမန်နေ့ညက မိမိတို့ရပ်ကွက်ရှိ စေတီတော်များတွင် ဆီးမီးထွန်းညှိပူဇော်ခြင်းနှင့်မီးပုံးပျံများ လွှင့်တင်ခြင်းများကို ဒေသခံတိုင်းရင်းသားပြည်သူများမှ သီတင်းကျွတ် မီးထွန်းပွဲတော် ကျင်းပခဲ့သည်။

ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုးတက်လာစေရေးကို မျှော်တွေး၍ ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်း ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
Subscribe to