စလင်းမြို့နယ်တွင်အသက် ၁၁၅နှစ်ရှိ အသက်ကြီး ဘိုးဦးမြဒင်အားထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အရှေ့ရှားတောကျေးရွာအုပ်စု အရှေ့ရှားတောကျေးရွာရှိ အသက် ၁၁၅ နှစ်ရှိ အသက်ကြီးအဘိုးအား ပွင့်ဖြူမြို့နယ် လူမှုဝန်ထမ်းရုံးနှင့် စလင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ယနေ့နံနက် ၁၁ နာရီအချိန်က လှူဖွယ်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။