ကျိုက်ထိုမြို့နယ် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်

ကျိုက်ထို အောက်တိုဘာ  ၁၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို အောက်တိုဘာ ၁၁ ရက် နံနက်၉နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးလူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre) ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး(မြို့နယ်အုပ်ချုပ်ရေး မှူး)က အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့မှူး ဦးဆန်းဝင်းအောင်က သင်တန်းအစီအမံများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူးဦးဆန်း၀င်းအောင်နှင့် နည်းပြ (၃)ဦးတို့က ရှေးဦးပြုစုခြင်း (ဘာသာရပ်) များကို အောက်တိုဘာ(၁၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ (၄)ရက်ကြာ သင်တန်းသားသင်တန်းသူ (၃၅)ဦးတို့အား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

(ကျိုက်ထိုပြန်/ဆက်)