မဟာအောင်မြေ အောက်တိုဘာ ၁၁
မဟာအောင်မြေမြို့နယ်၊ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၁၁) နာရီအချိန်က အရုပ်ခေါက် ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကလေးသူငယ် ကျောင်းသား/သူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး သွက်လက်ထက်မြက်စေရန်၊ အများသူငှာရှေ့တွင် အပြောအဆို၊ အလုပ်အကိုင်တွေကို ရဲဝင့်စွာလုပ်ကိုင်ဆောင်ရွက်တတ်စေရန်၊ စာပေဖတ်ရှုလေ့လာရာတွင် ပိုမိုစိတ်ဝင်စားမှုရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေး ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပုံပြောပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူများက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း