စလင်း အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အရှေ့ရှားတောကျေးရွာအုပ်စု အရှေ့ရှားတောကျေးရွာရှိ အသက် ၁၁၅ နှစ်ရှိ အသက်ကြီးအဘိုးအား ပွင့်ဖြူမြို့နယ် လူမှုဝန်ထမ်းရုံးနှင့် စလင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ယနေ့နံနက် ၁၁ နာရီအချိန်က လှူဖွယ်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ အသက်ကြီးဆုံးဖြစ်သည့် အသက် ၁၁၅ နှစ်ရှိ အရှေ့ရှားတောကျေးရွာမှ ဦးမြဒင်အား ပွင့်ဖြူမြို့နယ်လူမှုဝန်ထမ်းရုံးမှထောက်ပံ့ ငွေ ၈၅၀၀၀ ကျပ်နှင့် စလင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲဝင်များက ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနေလင်းနိုင်ဦးဆောင်မှုဖြင့် ပွင့်ဖြူမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းမှ အသက်ကြီးဘိုးဦးမြဒင်အား အလှူငွေ ၈၅၀၀၀ ကျပ်နှင့် စလင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)