ကြာအင်းဆိပ်ကြီးမြို့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၁၁

၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ ရဟန်းသံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း ကောင်းမှုကုသိုလ်အလှူ ဒါနပွဲတော်ကြီးအား ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယမန်နေ့ညနေ ၃ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူခြင်း ကောင်းမှုကုသိုလ်အလှူဒါနအား မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးများကျောင်းမှ ဆရာတော် ရဟန်းသံဃာတော်များ ရှင်သာမဏေများ မယ်သီလရှင်ဆရာလေး များမှ အမှတ်(၂)ရပ်ကွက်၊ စိုက်ပျိုးရေးလမ်းထိပ်မှ စတင်အလှူခံကြွချီလျက် မြို့ပေါ်ရက်ကွက်များရှိ လမ်းများအတွင်းသို့ ဝင်ရောက်ကြွချီတော်မှုပြီး အလှူရှင် ဒါယကာ ဒါယိကာမများမှ စေတနာသဒ္ဒါတရားထက် သန်စွာဖြင့် လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတော်ကြီးအား ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၂) ကျောင်းမှ ဆရာတော် ရဟန်းသံဃာရှင်သာမဏေ သီလရှင် စုစုပေါင်းအပါး(၂၈၀)ကျော်မှ ကြွရောက်အလှူခံ အပူဇော်ခံကြောင်းသိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)