မိတ္ထီလာ-တောင်ကြီးကားလမ်းမိုင်တိုင်အမှတ် ၁၆/၅ နှင့် ၁၆/၆ ကြားရှိ တံတားအမှတ် ၄/၁၇ တံတားချဉ်းကပ်လမ်း လမ်းတာဘောင်ရေတိုက်စားမှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ငှက်မင်းကုန်းကျေးရွာအုပ်စု မိတ္ထီလာ-တောင်ကြီး ကားလမ်းမိုင်တိုင်အမှတ် ၁၆/၅ နှင့် ၁၆/၆ ကြားရှိ တံတားအမှတ် (၄/၁၇) ၁၀ ပေအရှည် ၂၈ ပေ အကျယ် ကျောက်စီကမ်းကပ်ခုံ RC Slab ကြမ်းခင်းတံတားချဉ်းကပ်လမ်း တောင်ကြီးဘက်ခြမ်း လမ်းယာဘက်ရှိ လမ်းတာဘောင် အလျား ၁၅ ပေ အကျယ် ၁၂ ပေ ရေတိုက်စားမှု အောက်တိုဘာ ၁၁ ရက်နံနက် ၆ နာရီခန့်က ဖြစ်ပွားကြောင်းမြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။