စလင်း အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ အငြိမ်းစားယူသွားကြသည့် ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ ပညာရေးမိသားစုတို့၏ တတိယအကြိမ်မြောက် စုပေါင်း ကထိန်သင်္ကန်း ကပ်လှူခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အငြိမ်းစားယူသွားကြသည့် ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ ပညာရေးမိသားစုတို့၏ တတိယအကြိမ်မြောက်က ထိန်သင်္ကန်းကပ်လှူခြင်းကို မြင်တင်ရပ် ဥယျာဉ်တော်ကျေးရွာ ရတနာမဇ္စျူကျောင်းရှိ သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်းတို့ကို ဆက်ကပ် လှူဒါန်းခြင်း၊ တရားတော်နာ ရေစက်ချအလှူတော် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ဆရာကြီး၊ ဆရာမကြီးများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)