မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ဖြင့် မြန်​အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာ အုပ်စုအတွင်း လုံခြုံ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ရပ်ရွာအေးချမ်းသာယာ​ရေးနှင့်ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြန်အောင်  အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်​အောင်ခရိုင်၊ မြန်​အောင်မြို့နယ်အတွင်း လုံခြုံ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်းသာယာ​ရေး၊​  ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်​သော ကွင်းဆင်းအဖွဲ့(၁) စစ်​ကြောင်းကြီး(၅)​ ကြောင်းဖြင့် ယမန်နေ့ နေ့လည်က မြို့မတဲကြီးကုန်းကျေးရွာအုပ်စုအတွင်း ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်သူရိန်ထွန်း ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများပါဝင်​သော ကွင်းဆင်း အဖွဲ့(၁) စစ်​ကြောင်းကြီး (၅)​ကြောင်းသည် မြို့မတဲကြီးကုန်းကျေးရွာ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျေးရွာ(၉)ရွာမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ ကျေးရွာတွင်းလမ်းတံတားနှင့် လျှပ်စစ်မီးရရှိရေး စသည့် ဒေသဖွံဖြိုးလုပ်ငန်းများ၊ စားသုံးသူအသိပညာပေးလုပ်ငန်းများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ လိုက်နာရေး၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး အသိပညာပေးခြင်းများ ဆောင်ရွက်၍ ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာ ဌာနများက ပြန်လည်ဆွေးနွေးဖြေရှင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်အောင် (ပြန်/ဆက်)