ထန်းတပင်မြို့နယ်၊ ရေပေါ်သောင်ကျေးရွာရှိ ဆင်းသုခမျိုးစပါးစံကွက်ရိတ်သိမ်း၊ တစ်ဧကတင်း (၁ဝဝ)နှုန်းခန့်ထွက်ရှိ

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် တောင်သူများ စိုက်ပျိုးထားသည့် ဆင်းသုခမျိုးစပါးစိုက်ခင်း စပါးအထွက်နှုန်းများ သိရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက စပါးချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြောင်းသိရသည်။

မိုးစပါးစံကွက်ရိတ်သိမ်းရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအေးဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံတောင်သူများက ရေပေါ်သောင ်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာ ကွင်းအမှတ်-၁၂၃ (က)၊ ဦးပိုင်အမှတ်-၃၇/က တောင်သူ ဦးသန်းထွန်းလေး၏ ဆင်းသုခမျိုး စပါးစံပြကွက်(၀.၁၀)ဧကကို စပါးချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအထွက်နှုန်း (၁ဝဝ)တင်းနှုန်းထွက်ရှိကြောင်း သိရသည်။

“မိုးစပါးစံကွက်ရိတ်သိမ်းမှုအနေနဲ့ အဓိကရည်ရွယ်ချက်ကတော့ မိုးစပါးရဲ့ အထွက်နှုန်းကိုသိဖို့ရယ်၊ ဘာကြောင့်ထွက်တယ်၊ ဘာကြောင့် မထွက်ဘူးဆိုတာကို ကွဲကွဲပြားပြားသိဖို့ဖြစ်ပါတယ်။ ထွက်တယ်ဆိုလိုရှိရင်လည်း တစ်နှံပါသီးလုံးမှာ အသီးနှုန်းများလို့လား၊ ဒါမဟုတ်ရင်လည်း ပင်ပွားများလို့လား၊ မထွက်ဘူးဆိုလို့ရှိရင်လည်း ပင်ပွားနည်းလို့လား ကောက်ကွက်ကြဲလို့လား ဒါတွေကို အဓိက သိရှိဖို့ အတွက်ပဲဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ပြောသည်။

ဇင်မင်းထိုက်(ထန်းတပင်)