အင်းစိန်မြို့နယ်၌ မျိုးဆက်သစ်သတင်းစာဆရာနှင့် စာရေးဆရာများ ပေါ်ပေါက်ရေး ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် အောက်တိုဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (အင်းစိန်)နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း(အင်းစိန်)တို့ ပူးပေါင်းကျင်းပသော မျိုးဆက်သစ်သတင်းစာဆရာနှင့် စာရေးဆရာများ ပေါ်ပေါက်ရေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(အင်းစိန်)နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း(အင်းစိန်) နာယက ရန်နောင်(ပညာရေး)နှင့် ဆရာဦးမြင့်ခိုင်(ဥဂ္ဂညို-ဒီပဲယင်း)တို့က အမှာစကားအသီးသီးပြောကြားခဲ့ကြပြီး အင်းစိန်မြို့နယ်၊မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)နှင့် အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ  ဆရာလှမိုးနိုင်တို့က မျိုးဆက်သစ်သတင်းစာဆရာနှင့် စာရေးဆရာများ ပေါ်ပေါက်ရေးစသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မျိုးဆက်သစ်သတင်းစာဆရာနှင့် စာရေးဆရာများ ပေါ်ပေါက်ရေးအတွက် စာရေးဆရာဝင်းနွယ်(ပုသိမ်)၊ စာရေးဆရာ ရန်မိုးအောင်(အင်းစိန်)၊ စာရေးဆရာ ခင်နွဲ့မူ(အင်းစိန်)၊ရွှေဘုတ်(အင်းစိန်)စသည့် တက်ရောက်လာကြသည့် သတင်းစာဆရာများနှင့် စာရေးဆရာများက အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ဆရာကြီးဦးသက်တင်က အကြုံပြု ပြန်လည်ဆွေးနွေးခဲ့ပြီးနောက် ဆရာကြီး တော်မြင့်(ငှက်ဖျား)က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)