ရွှေသောင်ယံ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဝိဝေကာရာမကျောင်းတိုက်ဓမ္မာရုံတွင် ယမန်နေ့ညနေက ရပ်ကွက်အတွင်းမှ ပုံမှန်ဝင်ငွေမရှိသော စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စု(၂၅၀)အား တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆန်များ ထောက်ပံ့လှူဒါန်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ရပ်ကွက်အတွင်းစားဝတ်နေရေး ခက်ခဲသည့် အိမ်ထောင်စုများအား ရပ်ကွက်ဓမ္မာရုံသို့လာရောက်၍ စုရပ်ပြုလုပ်ရန် လိုက်လံနှိုးဆော်ခဲ့သည်။
ထို့နောက်ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ အိမ်ထောင်စုများထံ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြ သည်။
ရွှေသောင်ယံ (ပြန်/ဆက်)