လဲချား အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း အတတ်ပညာများပြည်သူလူထုအတွင်းသို့ ပျံ့နှံ့ရောက်ရှိစေရန်နှင့် မတော်တဆ ထိခိုက်မှုများမှ ကာကွယ်နိုင်စေရန် ရည်ရွယ်ပြီးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမျိုးဆွေမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သော သင်တန်းသား/သူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်ခဲ့သူများအား သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းကို သင်တန်းသား/သူ စုစုပေါင်း (၁၃၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)