မိုင်းယန်း အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး စာစောင်များနှင့် အစိုးရဌာနအသီးသီးမှ ဝန်ထမ်းခေါ်ယူမှုကြော်ငြာများ၊ လျှောက်လွှာပုံစံများအား ယနေ့မွန်းလွဲ ၁ နာရီက အများပြည်သူ သိရှိနိုင်စေရန် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အများပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် ပညာရေးဆိုင်ရာ ဝင်ခွင့်၊ သင်တန်းတက်ရောက်ခွင့်ဆိုင်ရာများ၊ ကျန်းမာရေးဌာန၊ ကုသရေးဌာနမှ အလုပ်ခေါ်ယူမှု လျှောက်လွှာပုံစံများ၊ အသက်မွေး ပညာရပ်ဆိုင်ရာ သင်တန်းများ၊ ဒေသတွင်းအစိုးရဌာနများမှ ဝန်ထမ်းခေါ်ယူမှု ကြေငြာစာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဖွင့်လှစ်သည့် စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးရေးသင်တန်းများ စသည့်အကြောင်းအရာများကို ဒေသခံတိုင်းရင်းသားပြည်သူများ၊ လူငယ်များ လျှောက်ထားလိုသော လုပ်ငန်းဌာနများနှင့် တက်ရောက်လိုသော သင်တန်းများအား အလွယ်တကူ ဆက်သွယ်သိရှိနိုင်စေရန်အတွက်ပြသခဲ့ရာ ပြည်သူများမှ စိတ်ပါဝင်စာစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး