မန္တလေးမြို့၊ ၆၂ လမ်းနှင့် သ(၁၂) လမ်းဆုံတို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မန္တလေး အောက်တိုဘာ ၁၇

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီတွင် ၆၂ လမ်းနှင့် သ(၁၂) လမ်းဆုံရှိ လမ်းသွား၊ လမ်းလာပြည်သူများ၊ ဈေးဆိုင်များတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များတွင် ကလေးအလုပ်သမားဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားပပျောက်ရေး ပထမ(၅)နှစ် စီမံချက် ရည်မှန်းချက်များ၊ ကလေးအလုပ်သမားများ ပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ဆင်းရဲမွဲတေမှုနှင့် ကလေးအလုပ်သမားပပျောက်ရေးဆောင်းပါး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်မှုများနှင့် ခရိုင်အလိုက် အသိပညာပေး ဆောင်ရွက်မှုများ၊ ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။

မန္တလေးခရိုင်(ပြန်/ဆက်)