သုံးခွ အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အမှတ် (၁) ရပ်ကွက်၊ မာဃလမ်းရှိမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ အမှုဆောင်အဖွဲ့ဝင် ဦးဌေးနိုင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး သင်တန်းနည်းပြ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှတပ်စုမှူး ဦးလင်းနိုင်ထွန်းက သဘာဝဘေးအန္တရာယ်များ၊ နေ့စဉ်ဖြစ် ပေါ်နေသည့် မတော်တဆမှုများတွင် ထိခိုက်ဒဏ်ရာရရှိမှုများကို အချိန်နှင်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရေး၊ ရပ်ရွာအတွင်း ရှေးဦးပြုစုခြင်း အတတ်ပညာပြန့်ပွားနိုင်ရေး၊ လူတိုင်းကူညီနိုင်ခွင့်ရရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက်သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များနှင့် ထူးချွန်ဆုရရှိသူ သင်တန်းသားသုံးဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက တစ်ဦးချင်းဆုများ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ပြီး အောက်တိုဘာလ (၈) ရက်မှ (၁၀) ရက်ထိ သင်တန်းနည်းပြများက ပတ်တီးစည်းခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများ တုပ်ခြင်းကိုက်ခြင်း၊ အခြေခံ အသက်ကယ် အထာက်အကူပြုစုနည်း (CPR)၊ ဆို့နင်ခြင်း အရိုးကျိုးခြင်း၊ အပူလောင်ခြင်းများ အားပြုစုခြင်း၊ လူနာသယ်ဆောင်ခြင်းစသည့် ဘာသာရပ်များကိုစာတွေ့လက်တွေ့သုံးရက်ကြာ သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်