ကျောက်တလုံးကြီး အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပညာရေးနယ်မြေ(၁၁)အတွင်းရှိ (မိသားစု-၂၃/၂၄/၂၅) မှ ထက်၊လယ်၊ မူဆင့် ကျောင်းသားပေါင်းစုံနယ်မြေဖလား ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က ကျောက်တလုံးကြီး အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က(ကျောက်တလုံးကြီး)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်အေးလွင်က ထူးချွန်သော ဘောလုံးသမားများ ပေါ်ထွန်းလာစေရန်၊ ကျောင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ကျန်းမာကြံ့ခိုင်သော ကျောင်းသား/သူများ ဖြစ်လာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများပေါ်ထွန်းလာစေရန်အတွက် ကျင်းပပြုလုပ်ရခြင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ယှဉ်ပြိုင်ကစားကြမည့် ပြိုင်ပွဲဝင်ကစားသမားများက အားကစားသစ္စာ ဓိဌာန်ရွတ်ဆိုခဲ့ကြပြီး ဒိုင်လူကြီးတစ်ဦးမှ စည်းမျဉ်းစည်းကမ်းအား ရှင်းလင်းပြောကြားခဲ့သည်၊
ထို့နောက် ဖွင့်ပွဲပွဲစဉ်(၁)ဖြင့်နောင်ခဲ(ထက်)အသင်းနှင့်ဆောင်းဖိုး(ထက်)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ထက်၊ လယ်၊ မူဆင့် ကျောင်းသားပေါင်းစုံ နယ်မြေဖလားဘောလုံးအားကစားပြိုင်ပွဲ အောက်တိုဘာလ(၁၉)ရက်နေ့မှ(၃၀)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ထက်ဆင့်(၃)သင်း၊ လယ်ဆင့်(၈)သင်း၊ မူဆင့်(၁၂)သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)