ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး(Talk Show)ကို ယနေ့ နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမဥ္ဇူက Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိလာသောကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်သွားလာကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်ပြည့်ထိုးနှံရေးနှင့် ထပ်ဆောင်းကာကွယ်ဆေး များကိုလည်း မပျက်မကွက်ထိုးနှံမှု ခံယူနိုင်ရေးအတွက် နီးစပ်ရာကာကွယ်ဆေး ထိုးစုရပ်များ၊ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း စသည့်အချက်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာတိုင်းနှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ အပြင်မှပြန်လာတိုင်းလက်ကို စနစ်တကျဆေးကြောရန် လိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးနှင့် အသိပညာပေးနှိုးဆော်ချက်များကို လိုက်နာကြရန်စသည့်ဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)