မိုင်းယန်း အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မွန်ကဲ ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်ကျော် နှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများက ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် မိုင်းယန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၅၉)ဦးတို့၏ နိုင်ငံရေးစိစစ်ရေးကတ်ပြားများကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး