နမ့်ဆန်မြို့တွင် ကလေးများအား သားအိမ်ခေါင်းကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက် အမှေးရောင်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

နမ့်ဆန် အောက်တိုဘာ ၁၉

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာရှိ အမကမူလတန်းကျောင်းတွင်  အသက်(၉)နှစ်မှ(၁၀)နှစ် ကလေးသူငယ်များကို အမျိူးသမီး ကျန်းမာရေး ဆရာမဒေါ်စန္ဒာမိုး(HLV) ကြီးမှူး၍ သားအိမ်ခေါင်းကာကွယ်ဆေးကို ပထမအကြိမ် မ(၁၄) ဦး၊ ဂျပန်ဦးနှောက် အမှေးရောင်ရောဂါ ကာကွယ်ဆေးကို အသက်(၅)နှစ်မှ(၉)နှစ်ထိ ကျား(၂၅)ဦး မ(၂၉)ဦး စုစုပေါင်း(၅၄) ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ဆရာ/ဆရာမများက သားအိမ်ခေါင်းကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက် အမှေးရောင်ရောဂါကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးပြီး မှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)