ပူတာအိုမြို့၌ ကျောင်းသား/ကျောင်းသူများ ဆေးအရောင်များကိုခွဲခြား အသုံးပြုတတ်လာစေရန် ဟောပြောပွဲ၊ ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲကျင်းပ

ပူတာအို အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျောင်းသား/ကျောင်းသူများ စိတ်ကူးစိတ်သန်း အတွေးအခေါ် မြင့်မားလာစေရန်နှင့် ဆေးအရောင်များကို ခွဲခြားအသုံးပြုတတ်လာစေရန် အတွက် ဟောပြောပွဲ၊ ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲကို အောက်တိုဘာ(၁၉)ရက် နံနက်(၉)နာရီက ပူတာအိုခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက "စာဖတ် ခြင်း၏ရလဒ်" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျောင်းသူကျောင်းသားများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်ပြပွဲ၊ အေးချမ်းသာယာ ပြည်မြန်မာ ဓါတ်ပုံပြပွဲနှင့် မူးယစ်ဆေးဝါးကာကွယ် တားဆီးရေး ပညာပေးမှတ်တမ်း၊ စုပေါင်းကာကွယ် မူးယစ်အန္တရာယ်၊ ကောင်းကျိုးမပေး မူးယစ်ဆေးခေါင်းစဉ်ဖြင့် ပြသထားသည့် နံရံကပ်စာစောင်များကို စိတ်၀င်တစား ကြည့်ရှုအားပေးကြပြီး အထက(ပူတာအို)ကျောင်း Grade-5 ကျောင်းသူကျောင်းသားများက စိတ်ကြိုက် ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်(၁၅)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်(၁၅)ဦး စုစုပေါင်း ပြိုင်ပွဲ၀င်(၃၀)ဦးတို့ ကပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်၀န်ထမ်းများ၊ ကျောင်းဆရာမများက ပြိုင်ပွဲ၀င်စိတ်ကြိုက်ပန်းချီနှင့် ဆေးရောင်ခြယ် ယှဉ်ပြိုင်မှုများကို အမှတ်ပေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ပထမ၊ ဒုတိယ၊ တတိယဆုများကို ရွေးချယ်ခဲ့ကြပြီး ပြိုင်ပွဲဆုရ ကျောင်းသူ/ကျောင်းသား များအား ဆုများအသီးသီးပေး အပ်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)