မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ချောက်မြို့မစျေးရှိ စားသောက်ကုန်မျိုးစုံဆိုင် (မုန့်မျိုးစုံဆိုင်) ရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။