မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဒို့တာဝန်အရေးသုံးပါး Talk Show ကျင်းပ

မိုင်းယောင်း အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဒို့တာဝန်အရေးသုံးပါး Talk Show ကျင်းပကြောင်း သိရသည်။

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က မြန်မာ့လူနေမှုဘဝတွင် စားဝတ်နေရေးသည် အခြေခံအကျဆုံးဖြစ်ကြောင်း၊ မြန်မာ့အမျိုးသားနိုင်ငံရေးတွင် ဒို့တာဝန်အရေး သုံးပါးသည် ပဓာနအကျဆုံးဖြစ်ကြောင်း၊ တပ်မတော်အစိုးရက နိုင်ငံတာဝန်ယူပြီးချိန်တွင် မျိုးချစ် စိတ်ဓာတ်ကို အခြေခံသည့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအဖြစ် ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးသည်။

ထို့နောက် ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ အမျိုးသားရေး မူဝါဒကို သူ့ခေတ်သူ့အခါအလျောက် အခြေအနေနှင့် ကိုက်ညီသော မူဝါဒကို ချမှတ်၍ ဆောင်ရွက် လာခဲ့ကြကြောင်း၊ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလက အစပြုပြီး ခေတ်ကာလ အလျောက်ရှိလာခဲ့သည့် အမျိုးသားရေးဝါဒ ခေတ် (၁၀) ခေတ်နှင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး အကြောင်းကိုလည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်က အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအကြောင်းကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း