မြို့​​ပေါ်ရေ​ပေး​​ဝေရေးလုပ်ငန်းများ အဆင်ပြေစေရေး ​ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ​ ဆောင်ရွက်

ချောက် အောက်တိုဘာ ၁၉

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့အ​​နေဖြင့် မြို့ပေါ်ရေ​ပေး​ဝေ​ရေးလုပ်ငန်းများ အဆင်​​ပြေ​စေ​ရေးအတွက်  မြို့​ရေ​ပေး​ရေး ရုံးကြီး​ရေစက်ရုံမှ အမှတ် (၁၄) ရပ်ကွက်ရှိ (၂၂၄) သံကန် အထိအရှည် (၄၈၀၀) ပေရှိသည့် ၈ လက်မ PVC ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ၂၀၂၂၂၀၂၃ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ​​ကျပ်သိန်း (၁၈၉၃) ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အောက်တိုဘာ (၃) ရက်​နေ့က​ စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်း (၇၀) ရာခိုင်နှုန်းခန့် ပြီးစီး​နေပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အ​နေ​ဖြင့် မြို့ပေါ်ရပ်ကွက်များ ​ရေ​​ပေးဝေမှုအဆင်ပြေ​စေ​​ရေးပိုက်လိုင်းသွယ်တန်းခြင်း၊ ပိုက်ချခြင်း၊ ပိုက်ဆက်ခြင်းလုပ်ငန်းများ​ကို ဆောင်ရွက်လျက်​ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)