မင်းလှမြို့၌ တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ (TALK SHOW) ဆွေးနွေးပွဲ ပြုလုပ်

မင်းလှ အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းစီစဉ် ကျင်းပသည့် တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

အသိပညာပေး(Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ တန်ဆောင်မုန်းလ၌ မည့်သည့်ပွဲ‌တော်များ ကျင်းပကြသလဲ၊ ကထိန်ခင်းခြင်းအားဖြင့် ရရှိနိုင်သည့်အကျိုး ကျေးဇူးများကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ သမုတိမျိုးမြင့်က အသေးစိတ်ဆွေးနွေး ဖြေကြားပေးခဲ့သည်။

မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတများ ရရှိစေရန်လစဉ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ရိုက်ကူးပြီး အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)