မင်းတုန်းမြို့နယ်တွင် ၂၀၂၂ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

မင်းတုန်း အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ ယနေ့နံနက် ၁၀ နာရီခွဲတွင် ၂၀၂၂ ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးရာ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဆွေတင်ဦးက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်၍ စည်းကမ်းချက်များ ဆွေးနွေးခဲ့ပြီး စက္ကတဲကျေးရွာ အုပ်စုရှိ တောင်သူများအား ချေးငွေများထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် တောင်သူများ သီးနှံစိုက်ပျိုးရန် အထောက်အကူ ဖြစ်စေရန်အတွက် ဆောင်းသီးနှံ(အခြားသီးနှံ) တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် စက္ကတဲကျေးရွာအုပ်စုရှိ တောင်သူပေါင်း (၆၈) ဦးကို ချေးငွေ (၁၆၂)သိန်း ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)