တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်(၂)နှစ် အောက်ကလေးငယ်များအား လစဉ်ပုံမှန် တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်ကစ၍ အမှတ် (၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအဆင့်လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသူ/ ကျောင်းသားများ ထူးချွန်ထက်မြက်လာစေရန်၊ တွေးခေါ်မှုမြင့်မားလာစေရန်၊ အတန်းတိုင်းတွင် ထူးချွန်စွာအောင်မြင်သည့် အနာဂတ်ကျောင်းသား/ကျောင်းသူများ ပေါ်ထွက်လာစေရန်နှင့် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်များတွင် ဝင်ရောက်ယှဉ်ပြိုင်လာနိုင်စေရန်ရည်ရွယ်၍ ကျောင်းအဆင့် လူရည်ချွန် စာမေးပွဲစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ကိုဘုရားလာရောက်ဖူးမြှော်ကြသူများအား နိုဝင်ဘာ(၃)ရက်နှင့် (၄)ရက်နေ့များ၌ ဘုရားပေါ်သို့ အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးမည်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြှော်ကြသည့် ဘုရားဖူးပြည်သူများအားလာမည့် နိုဝင်ဘာ (၃) ရက်နှင့် (၄) ရက်နေ့တို့၌ ဘုရားပေါ်သို့ အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အခြေခံပညာကျောင်းအဆင့် လူရည်ချွန်‌ရွေးချယ်ရေး စာမေးပွဲများဆက်လက်‌ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌  အနာဂတ်ကျောင်းသား၊ ကျောင်းသူ လူကောင်းလူတော်များ၊ လူရည်ချွန်များပေါ်ထွန်းလာစေရန် အခြေခံပညာဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်းနှင့် အမှတ်(၃)အလယ်တန်း‌ကျောင်းတို့တွင် မြို့နယ်ပညာ‌ရေးမှူး၏ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၉ နာရီက ကျောင်းအဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲများဆက်လက်ကျင်းပခဲ့ရာ အထွေထွေဗဟုသုတနှင့် သင်္ချာဘာသာရပ်များအား ကျောင်းသား/သူများ ဆက်လက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

နမ့်ဆန်မြိုနယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)၊ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင် ပြပွဲနှင့်ဟောပြောပွဲများကို နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် Outdoor Fitness အားကစားကွင်းဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ Outdoor Fitness အားကစားကွင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ကွမ်းလုံမြို့၌ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းဖွင်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ကွမ်းလုံမြို့နယ်အခြေခံပညာအထက်တန်းကျောင်းရှိ သံလွင် ဆောင်ခန်းမတွင် ပညာရေးဌာနနှင့် ကွမ်းလုံမြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း​ မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂)   တက်​ရောက်

မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကိုအောက်တိုဘာ ၂၆ ရက်နေ့ မွန်းလွဲ ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။

ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက စာဖတ်စွမ်းရည် မြှင့်တင်ရေးစာဖတ်ဝိုင်းနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပ ပြုလုပ်ခဲ့သည်။

မြိတ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/ ၆ အား မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်သည့် အသိပညာပေး Talk Show ပြုလုပ်

နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ အား မိဘပြည်သူများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်သည့် အသိပညာပေး Talk Show ကို မြိတ်ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့က ရိုက်ကူးဆောင်ရွက်ခဲ့ကြသည်။
Subscribe to