ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြု

ဝါးခယ်မ အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မင်းပိုင်း ရပ်ကွက်၊ မြူရုံးလမ်းရှိ “ရွှေခယ်သီရိ”ခန်းမတွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲနှင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုပွဲပြုလုပ်ရာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်ပညာရေးမှူး ဦးစသိန်းကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ် ဆရာ/ ဆရာမကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းသား/သူများ၏ ပညာရည်မြင့်မားရေးနှင့် စည်းကမ်း ကောင်းမွန်ရေးတို့အတွက် ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၏ စီမံခန့်ခွဲမှုမှာ အဓိကကျသော အခန်းကဏ္ဍဖြစ်၍ အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူတို့၏ ပညာရည်မြင့်မားရေးအတွက် ကျန်းမာရေးကောင်းမွန်ရန် လိုအပ်မှု၊ မိမိတို့၏ကျောင်းလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် ကြိုတင်ကာကွယ်ရန် လိုအပ်မှုများကိုလည်း စနစ်တကျ စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း အကျယ်တဝင့်ပြောကြားပြီး (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ “ဒုံမင်းပြိုင်ပွဲ”တွင် ရွှေတံဆိပ်ဆုရရှိခဲ့သော ဦးမြင့်စိုး၊ “တယောပြိုင်ပွဲ”တွင် ရွှေတံဆိပ်ဆုရရှိခဲ့သော ဦးတင်စိုး၊ “ဆိုင်းတစ်ဦးချင်းပြိုင်ပွဲ”တွင် ငွေတံဆိပ်ဆုရရှိခဲ့သော မောင်ပိုင်ဇင်ဖြိုး၊ “ဒုံမင်းပြိုင်ပွဲ”တွင် ကြေးတံဆိပ်ဆုရရှိခဲ့သော ဦးမျိုးစန်းတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစန်းဌေးနှင့် တာဝန်ရှိသူများက ဆုများအသီသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲအား အောက်တိုဘာလ ၂၇ ရက်မှ ၂၈ ရက်ထိ ပြုလုပ်မည်ဖြစ်ပြီး မြောင်းမြခရိုင်ပညာရေးမှူး ဦးစသိန်းကျော် ပါ(၄)ဦးနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ် ဆရာ/ဆရာမကြီး(၃၃၉)ဦး (အထက်တန်း ၁၈ ဦး၊ အလယ်တန်း ၅၅ ဦး၊ မူလတန်း ၂၆၆ ဦး) တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)