ပြည်တက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ နေ့သင်တန်းများ ကျောင်းဝင်မှတ်ပုံတင်ခြင်း စတင်လက်ခံဆောင်ရွက်

ပြည် အောက်တိုဘာ ၂၇

ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန ပြည်တက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ နေ့သင်တန်းများအတွက် ကျောင်းဝင်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်လက်ခံဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်တက္ကသိုလ်‌ သင်တန်းရေးရာဌာနမှူးထံက သိရသည်။ 

အဆိုပါကျောင်းဝင်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရင်အချင်းစစ်သင်တန်း၊ ပထမနှစ်မဟာတန်းနှင့် ဒုတိယနှစ်မဟာတန်းများ လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ယင်းကျောင်းဝင်မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယခုနှစ်နိုဝင်ဘာလ(၁၁)ရက်နေ့အထိ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ သိရသည်။

ကိုဆက်(ပြန်/ဆက်)