ဗန်းမော် အောက်တိုဘာ ၂၇
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁)သိန်းစီကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ဗန်းမော်မြို့နယ်ရှိ သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ဗန်းမော်မြို့နယ် အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၅)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁)သိန်းစီကိုလည်းကောင်း၊ အာဟာရမှုန့်နှင့်အချိုရည်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကာ ဗန်းမော်ခရိုင်အတွင်း၌ ထောက်ပံ့ရန်ကျန်ရှိသည့် မိုးမောက်မြို့နယ်တွင် (၅)ဦး၊ မံစီမြို့နယ်တွင် (၂)ဦးနှင့် ရွှေကူမြို့နယ်တွင် (၄)ဦးတို့အား သက်ဆိုင်ရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး လက်ဝယ်အရောက် ထပ်ဆင့်ထောက်ပံ့ပေးအပ် သွားမည်ဖြစ်သည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်၌ ဗန်းမော်ခရိုင်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၆)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)