မြစ်ကြီးနား အောက်တိုဘာ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင် ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်နှင့် အရာထမ်းအမှုထမ်းများသည် ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ သိမိဒ္ဓေါဒယသီလရှင် စာသင်တိုက်ရှိ သီလရှင်ဆရာကြီးများနှင့် ဆရာလေး များ စုစုပေါင်း ၆၇ ပါးတို့အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားစားသောက်ဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်း သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ ဆရာလေးများ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြား စားသောက်ဖွယ်ရာများကို ဒေသအလိုက်ထောက်ပံ့လှူဒါန်း လျက်ရှိကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)