ဝါးခယ်မ အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းအုပ်စု၊ လှေကျင်းကုန်းကျေးရွာ၊ “သံလျှက်စွန်းဓမ္မရိပ်သာကျောင်းတိုက် ဓမ္မာရုံတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းမှ တာဝန်ရှိသူများက ၎င်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆွေသန်းနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား (၃၀၀)ဦးခန့်နှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး အစီအမံများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်/လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန် လိုအပ်ချက် များ၊ အခြေခံလူဦးရေစာရင်းများ တိကျမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း များ၊ ကျေးလက်လမ်းခင်းကျင်းရန်လျှာထားမှုများ၊ နွေစပါး၊ ပဲတီစိမ်း၊ နေကြာ စသည့်သီးနှံ စိုက်ပျိုး ဖြစ်ထွန်းမှု တို့အား အသိပေးဆွေးနွေးကာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေး တို့အတွက် ပူးပေါင်းပါဝင်ရန်လိုအပ်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြား၍ လိုအပ်သောလုံခြုံရေး အစီအမံများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)