ထားဝယ်မြို့တွင် ရွှေတောင်စားစေတီတော်မြတ်ကြီး နှစ်(၂၆၀)ပြည့်အထိမ်းအမှတ်မော်ကွန်းအဖြစ် ဉာဏ်တော်(၂၇)ပေအမြင့်ရှိသော “ရွှေတောင်စားမုနိရပ်တော်မူဘုရားကြီး” တည်ထားပူဇော်မည်ဖြစ်

ထားဝယ် အောက်တိုဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီးကျက်သရေဆောင် ထားဝယ်မြို့၊ ရွှေတောင်စားစေတီတော်မြတ်ကြီး နှစ်(၂၆၀)ပြည့်အထိမ်းအမှတ် မော်ကွန်းအဖြစ် ဉာဏ်တော်(၂၇)ပေအမြင့်ရှိသော “ရွှေတောင်စားမုနိရပ်တော်မူဘုရားကြီး” ကို လောကမာရဇိန်ဘုရားကြီး တောင်ဘက်မုခ်ဦးအနီး တွင် တည်ထားပူဇော်မည်ဖြစ်ကြောင်း သိရသည်။

ဥဩကျော်လစ်၊ ရွှေတောင်စားသက္ကရာဇ်ဟူသော ကဗျည်းမှတ်တမ်းစာအရ တနင်္သာရီတိုင်းဒေသကြီးကျက်သရေဆောင် ထားဝယ်မြို့၊ ရွှေတောင်စားစေတီတော်မြတ်ကြီးသည် ယခုအခါသက်တမ်းအားဖြင့် နှစ်ပေါင်း(၂၆၀)နှစ်ပြည့်မြောက်ပြီဖြစ်ပြီး အထိမ်းအမှတ်မော်ကွန်း အဖြစ် ဉာဏ်တော်(၂၇)ပေအမြင့်ရှိသော “ရွှေတောင်စားမုနိရပ်တော်မူဘုရားကြီး” ကို ရွှေတောင်စားကျောင်းတိုက်ဆရာတော် ဦးပညာဒီပ ကိုယ်တိုင်ဦးစီး၍ တည်ထားပူဇော်မည်ဖြစ် သည်။

ရဟန်းရှင်၊ လူအများပြည်သူ ကုသိုလ်ရှင်၊ စေတနာရှင်များ အနေဖြင့်စေတနာအလျောက် ကုသိုလ်ယူပါဝင်လှူဒါန်းနိုင်ရန် ရပ်တော်မူဘုရားကြီးတည်ဆောက်ရေးအဖွဲ့၊ ရွှေတောင်စား ကျောင်းတိုက်၊ ထားဝယ်မြို့သို့တွင်ကိုယ်တိုင်ဖြစ်စေ၊ ဆရာတော်ဦးပညာဒီပ၊ ဖုန်းနံပါတ် ဝ၉ ၂၅၄၈၂၃၁၆၁၊  ဦးအောင်ဝင်း(အတွင်းရေးမှူး)၀၉၂၅၄၈၂၆၆၃၈ သို့ဖြစ်စေ၊ ဘုရားကြီးဂေါပကအဖွဲ့- ၀၅၉၂၁၁၆၁ သို့ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆက်လက်၍ ဖူးမျှော်ရင်ပြင်တည်ဆောက်ရေး ကွန်ကရစ်ရင်ပြင်နှင့် ပထမတန်းစာနေပူခံ ကျောက်ပြားခင်းအပြီး (၁၀-ပေ ပတ်လည်) ဖူးမြော်ရင်ပြင်တစ်ကျင်းလျှင် ကျပ်(၁၀)သိန်း၊ အလှူရှင်များစာရင်းကို စကျင်ကျောက်ပြားပေါ်တွင် ထွင်းထု၍ မော်ကွန်းစိုက်ထူးထားမည် ဖြစ်ကာ ရပ်တော်မူဘုရားကြီးတည်ထားကိုးကွယ်ရေး ဘက်စုံလုပ်ငန်းများအတွက် အုတ်(၁)ချပ် (၁၀၀)ကျပ်၊ ဘိလပ်မြေ(၁)အိတ် (၁၀၀၀၀)ကျပ်၊ သဲ(၁)ကျင်း(၂၀၀၀၀)ကျပ်၊ နေပူခံကျောက်ပြား(၁)ချပ်(၃၅၀၀)ကျပ်၊ ချယ်ပင်ကျောက်(၁)ကျင်း(၇၅၀၀၀)ကျပ်၊ မဟာရံတံတိုင်း(၁)ခွင် (၁၀)သိန်းကျပ်နှုန်းဖြင့် လှူဒါန်းကုသိုလ်ယူနိုင်ကြောင်းနှင့် လှူဒါန်းလိုသူများအနေဖြင့် ရွှေတောင်စားမုနိရပ်တော်မူဘုရားကြီးအလှူခံဌာနသို့ ကိုယ်တိုင်ဖြစ်စေ ဖုန်းနံပါတ် ၀၉ ၈၈၂၂၆၆၇၆၇ သို့ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)