မိုးနဲ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ နောင်ကျော့ အ.လ.က(ခွဲ)ကျောင်း စာသင်ခန်းနေရာ၌ စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
စာအုပ်ပြပွဲကို ကျောင်းသား/ကျောင်းသူလေးများအနေဖြင့် တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်စေရေး ကိုယ်လက်လှုပ်ရှား အားကစားအပြင် အသိပညာတိုးတက်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်နှင့် အားလက်သောအချိန်ကို စာဖတ်ခြင်းဖြင့် အကျိုးရှိစွာကုန်ဆုံးစေရန် ရည်ရွယ်၍ ကျောင်းသား/ကျောင်းသူများ ကြိုက်နှစ်သက်သည့် တေဇရုပ်ပြစာအုပ်များ နှင့် ပုံပြင်ဝတ္ထုတိုစာအုပ်များကို ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ရာတွင် စာအုပ်/စာစောင်များကို အလွယ်တကူ ဖတ်ရှုနိုင်ရေးအတွက် ကျောင်းတွင်း စာကြည့်တိုက်မှူးထံ ငှားရမ်းပေးခဲ့ကြပြီး အသစ်လဲလှယ်ပေးခြင်းကိုလည်း အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)