သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

သံတွဲ နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါ အဆောက်အဦအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် မြင်းခြံကျော်အောင် (ခ) သန်းထက်စံရေးသားသည့် “ကြီးပွါးအောင်မြင် အောင်ပန်းဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက “အတိုးတက် ဆုံးလူ”၊ ဒေါ်ခွန်းဆက်သင်း(အငယ်တန်းစာရေး)က “အစဉ်ရှင်သန်နေသော လူသားဖြစ်ရန်” ဦးနေမျိုးအောင (ဓာတ်ပုံ-၂၊အင်အားပြ) က “ငါကြီးပွါးမဲ့လူလား” ဒေါ်အေးအေးဝင်း (ရုပ်/သံ-၃) က “ကိုယ်ခံအားကောင်းလျှင်” ခေါင်းစဉ်များဖြင့် အသီးသီးကြားဆွေးနွေးခဲ့ကြရာ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ခေါင်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည် ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ Talk Show များ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများကို လစဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ခရိုင် (ပြန်/ဆက်)