ဆောင်းသီးနှံနှင့် နွေသီးနှံတိုးချဲ့စိုက်ပျိုးရေး တစ်ကွင်းတစ်စပ် နေကြာ (၄၄၃)ဧက အတွက် မျိုးစေ့ ထောက်ပံပေးအပ်ခြင်းနှင့် တောင်သူပညာပေးသင်တန်း အခမ်းအနားကျင်းပ

ပျဉ်းမနား နိုဝင်ဘာ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံနှင့်၊ နွေသီးနှံ တိုးချဲ့စိုက်ပျိုးရေး တစ်ကွင်းတစ်စပ် နေကြာ(၄၄၃)ဧကအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူပညာပေးသင်တန်းကို ငကောင်းကံကျေးရွာအုပ်စု၊ ဇောင်ချမ်းကုန်းကျေးရွာ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက ပျဉ်းမနားမြို့မှာ ဆောင်းနေကြာစိုက်ပျိုးဧက (၈၀၄)ဧကလျာထားပြီး ကျေးရွာအုပ်စု(၁၅)အုပ်စုကို မျိုးစေ့ (၈၁၁)‌ ထောက်ပံ့ပေးအပ်ခဲ့ပြီး (၁၀၁)ဧကစိုက်ပျိုးပြီးစီးကြောင်းနှင့် ဆောင်းနေကြာ တစ်ကွင်းတစ်စပ် စိုက်ပျိုးမည့် အခြေအနေများအားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသွယ်မောင်မောင်ထွန်းက စက်မှုလယ်ယာဝန်ဆောင်မှုကဏ္ဍများအား ရှင်းလင်းပြောကြားပြီး မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်ခိုင်က နွေသီးနှံတိုးချဲ့ စိုက်ပျိုးမှုအပေါ် ရေပေးဝေမည့် အစီအစဉ်များအား အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။ ဆက်လက်၍ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများက ဆောင်းနေကြာတစ်ကွင်းတစ်စပ်စိုက်ပျိုးမည့် တောင်သူများအား တစ်ဧကလျှင် ၃ ပြည်နှုန်းဖြင့် စုစုပေါင်း စိုက်ပျိုးဧက (၄၄၃)ဧကအတွက် ဆောင်းနေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ဆောင်း၊ နွေသီးနှံ တိုးချဲ့စိုက်ပျိုးမည့် တောင်သူများမှ စိုက်ပျိုးရေးလုပ်ကိုင်ရာတွင်လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်က နိုင်ငံတော်အနေနဲ့ သီးထပ်စွမ်းအား ဖွံ့ဖြိုး တိုက်တက်ရေးအတွက် အကောင်းအထည်ဖော်ဆောင်ရွက်နေကြောင်း၊ ဒါ့ကြောင့် လက်တွေ့စိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ တောင်သူများအနေနဲ့ လိုက်ပါဆောင်ရွက် ပေးကြရန်လိုကြောင်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် နေပြည်တော်အတွင်းမှာရှိတဲ့ မြို့နယ်များမှာလည်း စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ တောင်သူများအတွက် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် တောင်သူများကလည်း မိမိတို့လုပ်ငန်း အပေါ် ဝီရိယထားပြီး ကြိုးစားလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း" ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးပညာရှင်များက တက်ရောက်လာသော တောင်သူများအား ရေဆင်းစပ်မျိုး (၁)နေကြာ အပင်သက်တမ်းအလိုက် စိုက်ပျိုးပြုစုနည်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပိုးနှင်ဆေးနှင့် အားဆေး များ လက်တွေ့ဖော်စပ်အသုံးပြုခြင်း၊ နေကြာသီးနှံတွင်ကျရောက်တက်သော ရောဂါ၊ ပိုးမွှားကာကွယ် နှိမ်နင်းရေးနည်းများ၊ ဆောင်းနေကြာအထွက်တိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား မြို့နယ် ဦးစီးမှုးနှင့်ပညာရှင်ဝန်ထမ်းများမှ ဆွေနွေးပို့ချကာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်