ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ထိုးနှံပေး

ကန့်ဘလူ နိုဝင်ဘာ ၁၀                     

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား ထိုးနှံပေးရမည့်အကြိမ်အလိုက် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် အကြိမ် ပြည့် ထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံ ပေးခဲ့သည်။

အဆိုပါနေ့က ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူ ပထမ အကြိမ် ၉ ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ၃၇ ဦးတိုအား ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)