စစ်ကိုင်း နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြဧရာတင်းနစ်ကလပ် တို့ ပူးပေါင်းကျင်းပသည့် တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းမြို့၊ မြဧရာတင်းနစ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တင်းနစ်ပြိုင်ပြွတွင် (၂)ယောက်တွဲအသင်း (၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး နောက်ဆုံး ဗိုလ်လုပွဲ အဖြစ် ဦးအောင်ကို၊ သားငယ်အတွဲနှင့် ကိုမင်းမင်းဦး၊ ကိုဇော်မြင့် အတွဲတို့ ယှဉ်ပြိုင်ကစားကြရာ ဦးအောင်ကို၊ သားငယ်အတွဲက အနိုင်ရရှိခဲ့ရာ ပထမဆုကို စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအေးလှိုင်က လည်းကောင်း၊ ဒုတိယဆုကို စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က လည်းကောင်း၊ တတိယဆုကို စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မင်းသန်းတို့က ဆုများအသီးသီး ပေးအပ် ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် အားကစားမျိုးစုံးသင်တန်းများ ဖွင့်လှစ်ခြင်း၊ အားကစားမျိုးစုံ ပြိုင်ပွဲများ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် တင်းနစ်ပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲသို့ တိုင်းဒေသကြီး၊ လူမှုရေး ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲမှုဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ ပြိုင်ပွဲဝင်အသင်းများ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)