ဗန်းမောက် နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ စာပေချစ်သူများ၊ လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သည့် အလေ့အထ ကောင်းများ ရရှိလာစေရန်နှင့် ဆွေးနွေးပြောဆိုတတ်သည့် အလေ့ကျင့်ကောင်းများ ရရှိလာ စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး စာရေးဆရာတက်တိုး ရေးသားသည့် ”လောကနီတိ” စာအုပ်ပါ အကြောင်း အရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ စာဖတိဝိုင်းသို့ တက်ရောက်လာကြ သည့် စာပေချစ်သူများ၊ Youth Club အဖွဲ့ဝင်များ၊ Book Club အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးသည့် စာအုပ်ပါ အကြောင်းအရာများနှင့် ဗဟု သုတ ရစရာအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မေသူ(ဗန်းမောက်)