ကျောက်တလုံးကြီး နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်နှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူ ဖတ်ရှုနိုင်စေရန်အတွက် ယနေ့ နံနက် ၁၀ နာရီခန့်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် စာကြည့်တိုက်သို့ အလုပ်တာဝန်မအားလပ်၍ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက် သုတ၊ ရသ စာအုပ်စာစောင်များကို တစ်ယောက်လျှင်(၃)အုပ်နှုန်းဖြင့် ဌားရမ်းပေးခဲ့ပြီး အသင်းဝင်းအသစ်များကိုလည်း စာငှားကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Mobile Library စနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ တစ်ပတ်လျှင် တစ်ကြိမ် စာအုပ်စာစောင်များ လှဲလှယ်ငှား ရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)